ဖုန်း : 09 420 880 690
လိပ်စာ : 644/645 Nawe Ni (1) Lane, 15 Ward, Hlaing Thar Yar, Yangon
အီးမေးလ် info@destinyacademymm.com
d-blog-dhumb-05

DESTINY ACADEMY အကြောင်း

Destiny Academy ကျောင်းတော်ကြီးအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ မူကြိုကျောင်းကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းသားကျောင်းသူ (၁၂) ဦးဖြင့် ခြေလှမ်းစတင်ခဲ့ပါသည်။
၂၀၁၄-၂၀၁၅ ခုနှစ်တွင်လည်း မူကြိုကျောင်းသား ကျောင်းသူ(၂၀)ဦးခန့်ဖြင့်ကောင်းမွန်သောမူကြိုပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မူလတန်းအဆင့်ကိုယ်ပိုင်ကျောင်းအဖြစ်အစိုးရ၏တရားဝင်ခွင့်ပြုချက်လိုင်စင်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အထိ ကိုယ်ပိုင်မူလတန်းကျောင်းအဖြစ် ကျောင်းသား/ကျောင်းသူဦးရေ (၂၈) ဦးမှသည် ကျောင်းသားကျောင်းသူဦးရေ (၂၄၇) ဦးအထိ တိုးတက်လာသော ကျောင်းသားဦးရေများနှင့်အတူ အရည်အချင်းပြည့်ဝသော ဆရာဆရာမများဖြင့် ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

Destiny Academy ရှိ မူလတန်းကျောင်းတွင် ကျောင်းသူ/သား ဦးရေ ၁၀ဆ ကျော် တိုးတက်လာသောကြောင့် အလယ်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၃၀၅)ဦးဖြင့် ကိုယ်ပိုင်အလယ်တန်းကျောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယနေ့အထိ ကျောင်းသားကျောင်းသူဦးရေ (၁၃၆၅) ဦး ဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ ကောင်းများပြည့်စုံသော လူတော်လူကောင်းများကို ပြုစုပျိူးထောင်ပေးနေသော ကျောင်းတစ်ကျောင်းအဖြစ် မြန်မာ့ပညာရေးလောကအတွက် တည်ရှိနေပါသည်။မြန်မာ့ပညာရေး၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များအတိုင်း ထူးချွန်ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများကို သင်ကြားမွေးထုတ်ပေးလျက်ရှိပါသည်။

Destiny Academy ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆရာ/ဆရာမ ပေါင်း (၉၄) ဦး ဖြင့် သင်ကြားလျှက်ရှိပါသည်။

ကိုယ်ပိုင်ကျောင်း

မူကြိုကျောင်း

Destiny Academy ကျောင်းတော်ကြီးအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ မူကြိုကျောင်းကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းသားကျောင်းသူ (၁၂) ဦးဖြင့် ခြေလှမ်းစတင်ခဲ့ပါသည်။၂၀၁၄-၂၀၁၅ ခုနှစ်တွင်လည်း မူကြိုကျောင်းသား ကျောင်းသူ(၂၀)ဦးခန့်ဖြင့်ကောင်းမွန်သောမူကြိုပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

မူလတန်းကျောင်း

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မူလတန်းအဆင့်ကိုယ်ပိုင်ကျောင်းအဖြစ်အစိုးရ၏တရားဝင်ခွင့်ပြုချက်လိုင်စင်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အထိ ကိုယ်ပိုင်မူလတန်းကျောင်းအဖြစ် ကျောင်းသား/ကျောင်းသူဦးရေ (၂၈) ဦးမှသည် ကျောင်းသားကျောင်းသူဦးရေ (၂၄၇) ဦးအထိ တိုးတက်လာသော ကျောင်းသားဦးရေများနှင့်အတူ အရည်အချင်းပြည့်ဝသော ဆရာဆရာမများဖြင့် ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

အလယ်တန်းကျောင်း

Destiny Academy ရှိ မူလတန်းကျောင်းတွင် ကျောင်းသူ/သား ဦးရေ ၁၀ဆ ကျော် တိုးတက်လာသောကြောင့် အလယ်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၃၀၅)ဦးဖြင့် ကိုယ်ပိုင်အလယ်တန်းကျောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ယနေ့အထိ ကျောင်းသားကျောင်းသူဦးရေ (၁၃၆၅) ဦး ဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ ကောင်းများပြည့်စုံသော လူတော်လူကောင်းများကို ပြုစုပျိူးထောင်ပေးနေသော ကျောင်းတစ်ကျောင်းအဖြစ် မြန်မာ့ပညာရေးလောကအတွက် တည်ရှိနေပါသည်။

အထက်တန်းကျောင်း

Destiny Academy အနေဖြင့် အထက်တန်းကျောင်းကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။

ကျောင်းအချက်အလက်များ

စာသင်နှစ်အတွေ့အကြုံ
0
အတန်းပေါင်း
0
ဆရာ/ဆရာမပေါင်း
0
ကျောင်းသား/ကျောင်းသူ စုစုပေါင်း
0

ကျောင်းပွဲများ

Destiny Academy ကျောင်း 10 နှစ်ပြည့် အခမ်းအနား

Destiny Academy အနေဖြင့် 10 နှစ်ပြည့် မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့ 10 နှစ် ထိတိုင်အောင်ရပ်တည်နိုင်ခြင်းသည် Destiny Academy ရှိ တာဝန်ရှိသူများ၊ သင်ကြားပေးသော ဆရာ၊ဆရာမများနှင့် အထူးသဖြင့် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများ၏ စုပေါင်းအင်အားကြောင့်ဖြစ်ပါသည်။ Destiny Academy ကျောင်း 10 နှစ် ပြည့်ရပ်တည်နိုင်ရန်အတွက် ကူညီပေးသူများအားလုံးကို ဂုဏ်ပြုရန် 10 နှစ်ပြည့် အခမ်းအနားအားကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ကျောင်းသားများ၏ ပန်းချီပြပွဲ

ပန်းချီပညာထူးချွန်သော ကျောင်းသား ကျောင်းသူများကိုယ်တိုင်ရေးဆွဲထားသော ပန်းချီအချို့ကို ရွေးထုတ်ပြီး ရှုမြင်ခံစားနိုင်အောင် ပန်းချီပြပွဲကို ကျင်းပြခဲ့သည်။ ထိုနေ့တွင် ပန်းချီများကိုခင်းကျင်းပြသခြင်းသာမက ပန်းချီရေးဆွဲခြင်း ၊ ဆေးရောင်ခြယ်ခြင်း ၊ လက်ဖဝါးပုံနှိပ်ခြင်း ၊ မြန်မာ့ရိုးရာသနပ်ခါး လိမ်းပေးခြင်း ၊ အဖွဲ့လိုက် ကခြင်း ၊ လက်မှတ်ရေးထိုးခြင်းနှင့် ဆုမွန်ကောင်းတောင်းစာရေးသားခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို ကျောင်းသား ကျောင်းသူ ၊ မိဘ နှင့် ဆရာ ဆရာမ တို့အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

Destiny's စွမ်းရည်ပြပွဲ

ပညာရေးကိုဦးစားပေးသည် သာမက ကျောင်းသား ကျောင်းသူ တစ်ဦးစီတွင်ရှိသည့် ပင်ကိုယ်စွမ်းရည်များကို ထုတ်ဖော်ပြသနိုင်ရန် စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။ ထိုပွဲတွင် ကျောင်းသား ကျောင်းသူများသည် သူတို့၏ စွမ်းရည်အမျိုးမျိုးဖြစ်သော သီချင်းဆိုခြင်း၊ ကပြခြင်း၊ တူရိယာတီးခတ်ခြင်း၊ သူပြက်သရုပ်ဆောင်ခြင်း၊ မျက်လှည့်ပြခြင်း၊ ဇာတ်ဝင်ခန်းသရုပ်ဆောင်ခြင်း အစရှိသဖြင့် သူတို၌ရှိသည့် ဖုံးကွယ်ထားသော စွမ်းရည်များကိုပြသခဲ့ကြသည်။