Destiny Academy အနေဖြင့် 10 နှစ်ပြည့် မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့ 10 နှစ် ထိတိုင်အောင်ရပ်တည်နိုင်ခြင်းသည် Destiny Academy ရှိ တာဝန်ရှိသူများ၊ သင်ကြားပေးသော ဆရာ၊ဆရာမများနှင့် အထူးသဖြင့် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများ၏ စုပေါင်းအင်အားကြောင့်ဖြစ်ပါသည်။ Destiny Academy ကျောင်း 10 နှစ် ပြည့်ရပ်တည်နိုင်ရန်အတွက် ကူညီပေးသူများအားလုံးကို ဂုဏ်ပြုရန် 10 နှစ်ပြည့် အခမ်းအနားအားကျင်းပခဲ့ခြင်းဖြစ်ပါသည်။