၁။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လက်သည်း၊ ခြေသည်းများအား သောကြာနေ့တိုင်း စစ်ဆေးပါမည်။
၂။ ကျောင်းသား/သူများအနေဖြင့် မသင့်လျော်သောဆံပင်ပုံစံထားခြင်း၊ ဆေးဆိုးခြင်း၊ Highlight ဖောက်ခြင်းများ မပြုရ။ ကျောင်းသူများ ဆံပင်ကို သပ်ရပ်စွာ စည်းနှောင်ထားရမည်။ မျက်နှာထင်သာမြင်သာစေသော ဆံပင်ပုံစံထားရမည်။ ကျောင်းသားများ ဆံပင်ရှည်ထားခွင့်မပြု။
၃။ သတ်မှတ်ထားသော ကျောင်းဝတ်စုံများကို သက်ဆိုင်ရာရက်များတွင် ပြည့်စုံစွာဝတ်ဆင်ရပါမည်။ (ကျောင်းဝတ်စုံ၊ PE)
၄။ ကျောင်းတက်ချိန်ကို တိကျစွာလိုက်နာရမည်။ ကျောင်းချိန်မတိုင်မီ(၁၅)မိနစ်စော၍ စာသင်ခန်းအတွင်းရောက်ရှိနေရမည်။ ကျောင်းတက်ချိန်နောက်ကျပါက
Reception ဌာနသို့အကြောင်းကြား၍ ဝင်ခွင့်တောင်းရမည်။ ကျောင်းတက်ချိန်ကျော်လွန်သည်နှင့် ကျောင်းဂိတ်များပိတ်မည်ဖြစ်သည်။
၅။ ကျောင်းကြို/ပို့နှင့်ပတ်သက်၍ အုပ်ထိန်းသူကိုယ်တိုင်ကြို/ပို့ပြုလုပ်မည့်သူများ ကြို/ပို့ကတ်ဖြင့် ကြို/ပို့လုပ်ရမည်။ Ferry ဖြင့် ကျောင်းတက်/ဆင်းပြု
လုပ်မည့်သူများသည် Ferry ကတ်ဖြင့် ကြို/ပို့ပြုလုပ်ရမည်။ ကျောင်းသား/သူကိုယ်တိုင် မိမိဘာသာကျောင်းတက်/ဆင်းပြုလုပ်လိုပါက ကျောင်း Reception ရုံးတွင် အုပ်တိန်းသူမှ ခွင့်ပြုချက်တောင်းရမည်။
၆။ ကျောင်းသား/သူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝ(လုံးဝ)ခွင့်မပြု။ ကျောင်းပြင်ပပြဿနာများအတွက် ကျောင်းမှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။ သင် ကြားရေးနှင့်သက်ဆိုင်မှုမရှိသောပစ္စည်း၊ တန်ဖိုးကြီးလက်ဝတ်ရတနာ၊ အန္တရာယ်ဖြစ်စေနိုင်သော လက်နက်ကိရိယာများယူဆောင်လာခြင်း၊ လုံးဝ(လုံးဝ)ခွင့်မပြု။
၇။ ကျောင်းသား/သူများသည် ကိုယ်/နှုတ်အမူအရာ ယဉ်ကျေးရမည်။ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ မဖွယ်မရာပြောဆိုခြင်းများ ခွင့်မပြု။
၈။ ကျောင်းသား/သူများသည် မိမိအိမ်မှထည့်ပေးသော မုန့်ပဲသရေစာများကိုသာ စားသောက်ရပါမည်။
၉။ ကျောင်းသို့မလာမီ စာအုပ်၊ ဘောပင်၊ ခဲတံနှင့် မိမိအသုံးဆောင်ပစ္စည်းများအားလုံးကို သေချာစွာစစ်ဆေးရမည်။ ကျောင်းသား/သူများ မိမိလွယ်အိတ် များကို မိမိကိုယ်တိုင်သယ်ဆောင်ရပါမည်။
၁၀။ ကျောင်းသား/သူများသည် English Speaking ကိုကြိုးစား၍ အတန်းထဲ၌လည်းကောင်း၊ သူငယ်ချင်းအချင်းချင်းနှင့်လည်းကောင်း ပြောဆိုရမည်။
PE အချိန်နှင့်အခြားကျောင်းလုပ်ရှားမှုအချိန်များတွင်လည်းကြိုးစား၍ပြောရမည်။
၁၁။ ခွင့်တိုင်မှတ်တမ်းများ၊ လစဉ်ပညာရည်တိုးတက်မှုမှတ်တမ်းများ၊ ကျန်းမာရေးမှတ်တမ်းများ ကျောင်းမှပေးပို့သော မိဘလက်မှတ်ထိုးရမည့် စာရွက်စာ တမ်းများအား အချိန်မီ ကျောင်းသို့ပြန်လည်ယူဆောင်လာရပါမည်။
၁၂။ ခွင့်ယူမည်ဆိုပါက ခွင့်ကတ်ဖြင့် အုပ်ထိန်းသူကိုယ်တိုင်လာရောက်၍ ကျောင်းရုံးသို့တိုင်ကြားရမည်ဖြစ်ပြီး၊ အခက်အခဲရှိပါက ရုံးဖုန်း၊ ၀၉-၂၅၀၀၉၀၈၉၄ ၏ Viber သို့ ခွင့်ကတ်တွင်အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ ကျောင်းတက်ချိန် နာရီဝက်ထက်မကျော်လွန်ဘဲ ခွင့်တိုင်ကြားရမည် ဖြစ်သည်။ ကျောင်းပြန်တက်သည့်နေ့တွင် ခွင့်ကတ်ကို ပြန်လည်ယူဆောင်လာရမည်ဖြစ်သည်။
၁၃။ ကျောင်းသား/သူများ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ရက်ရှည်ယူပါက နောက်ကျသွားသောသင်ခန်းစာများကို မိဘများအနေဖြင့် မိမိအစီအစဉ်ဖြင့် ပြန်လည်ကူး ယူရမည်ဖြစ်သည်။
၁၄။ ကျောင်းသား/သူများနှင့်ပတ်သက်၍ အဆင်မပြေမှုများ၊ တင်ပြလိုသည့်အချက်များရှိပါက ကျောင်း၏ Reception ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျောင်း Reception ရုံးမှ ပြဿနာပမာဏပေါ်မူတည်၍ လိုအပ်သလို စီမံဆောင်ရွက်ပေးမည်ဖြစ်သည်။ Receptionရုံး မှလွဲ၍ အခြားဝန်ထမ်း၊ ဆရာ/မများထံတွင် ပြောဆိုဆွေးနွေးခြင်း၊ တစ်ဆင့်ပြောစေခြင်းများ လုံးဝခွင့်မပြု။
၁၅။ ကျောင်းနှင့်ပတ်သတ်၍ အဆင်မပြေမှုများ၊ အခက်အခဲပြဿနာများကို ကျောင်းနှင့်တိုက်ရိုက်ဖြေရှင်းရန်ဖြစ်သည်။ ထိုသို့ဖြေရှင်းခြင်းမရှိဘဲ မိမိသ ဘောအလျောက် ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြခြင်း၊ ဝေဖန်ခြင်းကို ခွင့်မပြု။
၁၆။ မိဘဆရာတွေ့ဆုံခြင်းကို သုံးလတစ်ကြိမ် ပုံမှန်ပြုလုပ်သွားမည်ဖြစ်သည်။ ကျောင်းသား/သူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဆိုင်ရာများ ဆွေးနွေးမည် ဖြစ်ပါသောကြောင့် မိဘအုပ်ထိန်းသူများမှ မပျက်မကွက် ပါဝင်ဆွေးနွေးရမည်ဖြစ်သည်။ ပျက်ကွက်သောမိဘများအနေဖြင့် ကလေးနှင့်ပတ်သက်သော အချက်အလက်များကို ကျောင်းမှ ပြန်လည်ရှင်းပြပေးမည် မဟုတ်ပါ။
၁၇။ မိဘအုပ်ထိန်းသူများအနေဖြင့် မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ကျောင်း၏ခွင့်ပြုချက်မရှိဘဲ စာသင်ခန်းအတွင်းသို့ဝင်ခွင့်မပြု။ ကျောင်းဝင်းအတွင်း နှင့် စာသင်ခန်းတိုင်းတွင် CCTV တပ်ဆင်ထားပါသည်။
၁၈။ ကျောင်းသား/သူများ၏ ကျောင်းတွင်းလှုပ်ရှားမှုများကို ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းယူထားမည်ဖြစ်ပြီး၊ ကျောင်း၏လုပ်ငန်းစဉ်ဆောင်ရွက်မှု
များတွင် အခါအားလျော်စွာ အသုံးပြုမည်ဖြစ်သည်။
၁၉။ ကျောင်းသား/သူများသည် ကျောင်းပိုင်ပစ္စည်းများကို ရိုသေစွာအသုံးပြုရမည်။ ရည်ရွယ်ချက်ရှိရှိပျက်စီးစေပါက ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်ရမည်။
၂၀။ ကျောင်းသား/သူများနှင့်ပတ်သက်သော ကျန်းမာရေး၊ လူမှုရေး အခက်အခဲပြဿနာများအတွက် ကျောင်း၏သီးသန့်ဖောင်တွင် ဖြည့်စွက်ရမည်။
၂၁။ ကျောင်းသား/သူ မိဘများအနေဖြင့် ဆရာ/မများအား လက်ဆောင်ပဏ္ဍာပေးခြင်းများ၊ ကျောင်းတွင် မိမိကလေး၏မွေးနေ့ပွဲများပြုလုပ်ခြင်း၊ အစား အသောက်ကျွေးမွေးခြင်းများ လက်မခံပါ။
၂၂။ ကျောင်းမှဆရာ/မများအား မိဘများအနေဖြင့် ကျူရှင်ပြခိုင်းခြင်း ခွင့်မပြု။
ဆရာ/မများအနေဖြင့်လည်း ကျူရှင်ပြခွင့်မရှိ။
၂၃။ ကျောင်းသား/သူများ လူငယ်ဘာဝချစ်ကြိုက်ခြင်း၊ ရည်းစားထားခြင်း၊ စနောက်ခြင်းများအား ကျောင်းဝင်း၊ စာသင်ခန်းများတွင် လုံးဝတားမြစ်သည်။
၂၄။ ကျောင်းသား/သူများ မူးယစ်သေစာသုံးစွဲခြင်း လုံးဝ(လုံးဝ)ခွင့်မပြု။ မူးယစ်သေစာနှင့်ပတ်သက်သောအရာများကို ကျောင်းသို့ယူဆောင်လာခြင်း၊ကျောင်းတွင်သုံးစွဲခြင်းများ စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာအရေးယူခြင်းခံမည်။
၂၅။ ကျောင်းသား/သူများ၏ အရည်အချင်းကို လိုအပ်သလိုပံ့ပိုးမှုပေးနိုင်ရန်အတွက် ကျောင်းမှစစ်ဆေးမှုပြုလုပ်ပေးပြီး၊ သင့်လျော်သောအခန်းတွင် ထား ရှိပေးမည်ဖြစ်သည်။ မိဘများအနေဖြင့် မိမိကလေးအတွက် အခန်းရွေးချယ်ခွင့်မပြု။
၂၆။ ကျောင်းသား/သူများအနေဖြင့် ကျောင်းပြေးခြင်း၊ ကျောင်းချိန်အတွင်း ခွင့်ပြုချက်မရှိဘဲ ပြင်ပသို့ထွက်ခြင်း၊ အိမ်ပြန်ခြင်းများ ခွင့်မပြု။
၂၇။ ဖော်ပြပါစည်းကမ်းချက်များကို ကျောင်းသား/သူများနှင့် အုပ်ထိန်းသူများအနေဖြင့် သိရှိနားလည် လေးစားလိုက်နာရပါမည်။ စည်းကမ်းချက်များကို မလိုက် နာပါက/ကျူးလွန်ဖောက်ဖျက်ပါက ကျောင်းမှချမှတ်ထားသော ပြစ်ဒဏ်အဆင့်ဆင့်ကိုခံရပါမည်။
●အပြစ်ပေးပုံအဆင့်ဆင့်
(၁) အခန်းတွင်း ဆရာမမှ Classroom rule အတိုင်းအပြစ်ပေးခြင်း။
(၂) ဆရာမကြီးနှင့်တွေ့ဆုံခြင်း (ရုံးခန်း)။
(၃) မိဘများနှင့်တွေ့ဆုံဆွေးနွေးခြင်း။
(၄) ကျောင်းမှထုတ်ပယ်ခြင်း။
၂၈။ ကျောင်းမှ အခါအားလျော်စွာထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများကိုလည်း လေးစားလိုက်နာရပါမည်။