
ကျောင်းသားများ၏ ပန်းချီပြပွဲ
ပန်းချီပညာထူးချွန်သော ကျောင်းသား ကျောင်းသူများကိုယ်တိုင်ရေးဆွဲထားသော ပန်းချီအချို့ကို ရွေးထုတ်ပြီး ရှုမြင်ခံစားနိုင်အောင် ပန်းချီပြပွဲကို ကျင်းပြခဲ့သည်။ ထိုနေ့တွင် ပန်းချီများကိုခင်းကျင်းပြသခြင်းသာမက ပန်းချီရေးဆွဲခြင်း ၊ ဆေးရောင်ခြယ်ခြင်း ၊ လက်ဖဝါးပုံနှိပ်ခြင်း ၊ မြန်မာ့ရိုးရာသနပ်ခါး လိမ်းပေးခြင်း ၊ အဖွဲ့လိုက် ကခြင်း ၊ လက်မှတ်ရေးထိုးခြင်းနှင့် ဆုမွန်ကောင်းတောင်းစာရေးသားခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို ကျောင်းသား ကျောင်းသူ ၊ မိဘ နှင့် ဆရာ ဆရာမ တို့အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။





